ပုဂ္ဂိုလ်ရေး စော်ကားလို၍မဟုတ် ...လူမျိုးရေး မုန်းတီးလို့လည်းမဟုတ်..သို့သော် သူတို့ဘာတွေလည်းဆိုတာကိုတော့ ပြောလိုက်ချင်သေးတယ်.....

Sunday, March 10, 2013

ကနေဒါနိုင်ငံရောက် ဒုက္ခသည် လူလိမ်



ကနေဒါနိုင်ငံကို ဒုက္ခသည်အဖြစ်နဲ့ ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံရေးသမားအမည်ခံ သူ့ကိုသူ တော်လှန်ရေး
သမားပါလို့ အမည်ခံထားတဲ့ လှိုင်ဘွား( http://www.facebook.com/hlaingb?ref=ts&fref=ts ) မှ မြန်မာပြည်ရှိ
ခလေးတယောက်အမေ မုဆိုးမ အမျိုးသမီးကြီး ဒေါ်သင်းသင်းဝေ(ခ) သုနြေ္ဒဦး ( http://www.facebook.com/thoneo?ref=ts&fref=ts ) အား ကနေဒါနိုင်ငံသို့ ရောက်ရှိအောင် ခေါ်ယူပေးမည်ဟု မက်လုံးပေးကာ မြန်မာ
ငွေကျပ် သိန်း( ၇၀ )နဲ့ညီမျှသော ကနေဒါငွေ (၈၀၀၀)အား လိမ်ညာလှည့်ဖြား ယူခဲ့ကြောင်း သုနြေ္ဒဦးရဲ့ 
facebook စာမျက်နှာနှင့် http://burmese-community-watchdog.blogspot.com/2013/02/blog-post.html တို့တွင်
ဖတ်ရှု့လိုက်ရသည့်အတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရပါသည်။ ပြည်ပနိုင်ငံကြီးတို့တွင် ရောက်ရှိနေ
ထိုင်ကြသော အများစုမှာ ဒုက္ခသည်အဖြစ်ဖြင့် ရောက်ရှိနေထိုင်ကြသူများ ဖြစ်ပါသည်။ ထိုသို့သော် လူများ
သည် နိုင်ငံရေးသမားဟူ၍သော်လည်းကောင်း၊ တော်လှန်ရေးသမားဟူ၍သော်လည်းကောင်း လူမျိုးရေး
ခွဲခြားဆက်ဆံခံရ၍သော်လည်းကောင်း ၊ အစိုးရမှ မတရားဖမ်းဆီးနှိပ်စက် ထောင်ချသည်ဟု၍သော်လည်း
ကောင်း ၊ အကြောင်းအမျိုးမျိုးပြ လိမ်လည်ကာ  U N H C R သို့ ဒုက္ခသည်အဖြစ် လျှောက်ထားပြီး ပြည်ပ နိုင်ငံသို့ ရောက်ရှိသွားသူများ ဖြစ်ပါသဖြင့် မြန်မာအမျိုးသမီး များအနေနှင့် အယုံမလွယ်ကြပါရန် စေတနာ
ရှေ့ထားကာ ပြန်လည်ဖော်ပြအပ်ပါသည်။

Thursday, February 28, 2013

2015 အတွက် N.L.D ပါတီ မဲဆွယ်စည်းရုံးရေး ဆင်းနေပြီ




အီးမေးလ်ထဲကို ရောက်ရှိနေတဲ့အကြောင်းအရာတွေထဲကမှ အမေရိကန်ရောက် ဒုက္ခသည်အမည်ခံ မိဘနှစ်ပါးမှ ပေါက်ဖွားထားတဲ့ အိအိဖြိုး ဆိုတဲ့ သူအကြောင်းကို တင်ပေးလိုက်ပါတယ်။
ဓါတ်ပုံနှင့်တကွ အီးမေလ်းပို့လာသူက ဒီလိုလေးရေးပြီး ပို့လာခဲ့ပါတယ်။
အကိုတို့အဖွဲသားတွေလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက်
ပို့အသစ်တွေ မတင်တော့ဘူးနော်။ ဘာလည်းဒေါ်အောင်ဆန်းစုကြည်လွတ်လာတော့ ဒုက္ခသည်အမည်ခံ
ထားတဲ့လူတွေနဲ့ နိုင်ငံရေးသမားအမည်ခံထားတဲ့လူတွေ ခွက်ပျောက်ကုန်လို့ အကိုတို့မှာရေးစရာမရှိတော့
ဘူးထင်တယ်။ ဒီဓါတ်ပုံထဲက ကောင်မနာမည်က အိအိဖြိုးလို့ ခေါ်တယ်။ သူ့အဖေနဲ့သူအမေက ဒုက္ခသည်
အဖြစ်နဲ့ အမေရိကားကို ရောက်လာတာ။သူ့မိဘတွေက N.L.D ပါတီဝင်တွေပေါ့။ အမေရိကားကို ဟိုအရင်
စစ်အစိုးရလက်ထက်တုန်းက ဦးသိန်းစိန် လာသွားတာအကိုတို့ မှတ်မိလား။အဲတုန်းက မိုးသီးဇွန်တို့အဖွဲတွေ
ဦးသိန်းစိန်ကို ဆဲကြတယ် ဖိနပ်နဲ့ပေါက်ကြတာလေ။ အင်းအဲတုန်းက ရိုင်းရိုင်းစိုင်းစိုင်း ဆဲတဲ့ မိန်းမကြီးက
အခု ဒီပုံထဲက အိအိဖြိုးရဲ့ အမေဘဲ။ အခုကျွန်တော်ပို့လိုက်တဲ့ဓါတ်ပုံတွေကို ဒေါက်တာချက်ကြီးမှာလည်း
တင်ထားပြီးသားပါ။ အကိုတို့အတွက် လိုအပ်မယ်ထင်လို့ပို့ပေးလိုက်ပါတယ်။

စာကတော့ ဒီလောက်ပါဘဲ။ ပို့ပေးလာတဲ့ K.Z.M ကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
ကျနော်တို့အဖွဲ့ ထင်တာကတော့ 2015 အတွက် N.L.D ပါတီ  မဲဆွယ်စည်းရုံးရေး စတင်ဆင်းနေတယ်ထင်တာဘဲ

Saturday, April 14, 2012

ဈေးကျသွားသော ဒုက္ခသည်

အခုတလော ပြည်ပရောက် ဒုက္ခသည်တွေ ဈေးအရမ်းကျသွားတယ်။ ဒုက္ခသည်အမည်ခံပြီး ပြည်ပ လည်းရောက်ရော ဘုရင်ခံနေရာကို ရောက်သလိုမျိုး နေထိုင်လာကြတယ်။ တယောက်နဲ့တယောက် မနာလို စိတ်တွေ ၊ အပြိုင်အဆိုင် စိတ်တွေက ဒုက္ခသည် တွေကြားမှာ နေစဉ်နဲ့အမျှ ဖြစ်တည်နေကြတာ ဆန်းတော့ မဆန်းတော့ဘူး။ နောက်ပြန်ပြေးမဲ့ ဖောက်ပြန်ရေး သမားတွေ့၊လင်ကြီးငုတ်တုတ် လင်ငယ် ရှုပ်မဲ့သူတွေကလည်း တပုံကြီး။ မယားကြီး ဘေးထား၊ မယားငယ်နဲ့ နှစ်ပါးသွားချင်ကြတဲ့ ကြောင်ပါးကြီးတွေ ကလည်း အများကြီးပေါ့။ သူတို့တွေဒီလိုဖြစ်လာရတဲ့ အကြောင်းက ပညာသိပ်မတတ်ကြတာရယ်၊ ပြီးတော့ ဒီမို
မယ်တော်ကြီး အိမ်အပြင်ထွက်လာတာရယ်ကြောင့်လို့ ပြောမယ်ဆို ပြောလို့ရတယ်။ ဒီမို မယ်တော်ကြီး အိမ်အပြင်ထွက်လာပြီး နောက် ပိုင်းမှာ ပြည်ပရောက် ၀ရမ်းပြေးတွေ၊ ပြည်ပြေးတွေ၊ ဒီမိုအမည်ခံတွေ ၊ ဒုက္ခသည်သမားတွေ အတွက် ဆန္ဒပြပွဲတွေဟာ မရှိသလောက် ကို ရှားပါးလာတယ်။ အရင်ကဆို မယ်တော်ကြီးကို လွတ်ပေးဘို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဆန္ဒပြပွဲတွေ သူ့ထက်ငါ အလုအယက် လုပ်ကြ တယ်။ လူနှစ်ယောက် နဲ့ သုံးဖွဲ့  ထောင်ကြတယ်။ ရန်ပုံငွေရဘို့ အတွက်ဆို ကိုယ်မွေးထားတဲ့ ကိုယ့်သား သမီး ခလေးငယ်တွေကိုပါ ခေါင်းစီးတွေ အလံတွေ ကိုင်ခိုင်းပြီး သူတောင်းစားသဖွယ် တောင်းရမ်းနေလိုက်ကြတာ.ကမ္ဘာမှာ မြန်မာဟေ့လို့တောင် ပြောလို့ရမယ် ထင်ပ။ အခုတော့ မြန်မာပြည်ကြီးကလည်း တဖြည်းဖြည်း နဲ့ ကောင်းသထက် ကောင်းလာသလို ပြောင်းသထက်လည်း ပြောင်းလာပြီ။
သူတို့ ကိုးကွယ်နေတဲ့ ဒီမိုမယ်တော်ကြီးကိုယ်တိုင်တောင် ထိုင်ခုံတနေရာအတွက် ကျိုးစားတာ အောင်မြင်သွားပြီဆိုတော့ ပြည်ပရောက် ဒုက္ခသည် အမည်ခံတွေ ဒီမို ဆိုင်းဘုတ်အောက်က လူတွေ အတွက် လုပ်စရာအလုပ်က ရှားသွားပြီ။ အဲတော့ အိမ်ထောင်ရေးဖောက်ပြန် မှုက သူတို့တွေအတွက် အလုပ်တခုလို့ဖြစ်လာကြတယ်။ ၀င်ငွေပုံမှန်ရတဲ့ အလုပ်ကို လုပ်ကိုင်ဘို့ ဆိုပြန်တော့လည်း စာမတတ်ဘဲ ပြည်ပရောက်လာကြတော့ အလုပ်ရဘို့ ခက်နေကြပြန်တယ်။ အဲတော့ အစိုးရပေးတဲ့ ထောက်ပံကြေးကို စား ပြီး တယောက်နဲ့တယောက် မနာလိုစိတ်တွေ ၊ အပြိုင်အဆိုင်စိတ်တွေ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေနဲ့ဘဲ သူတို့တွေရဲ့  မနက်ဖြန်တွေကို ကုန်ဆုံးစေတော့တာပေါ့။
အဲဒါတွေဟာ ကျွန်တော်တို့ အဖွဲ့နဲ့ သက်ဆိုင်ခြင်းတော့ မရှိပါဘူး။ ကျွန်တော်တို့ အီးမေးလ်ထဲကို အောင်မိုးဝင်းရဲ့  မယားငယ်ပါဆိုပြီး ပေးပို့လာတာကိုတော့ ပေးပို့လာသူရဲ့  ဆန္ဒအရ တင်ပေးလိုက်ပါတယ်.. မဟုတ်ဘူးဆိုရင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ဆက်သွယ်လာပါက ချက်ချင်း ပြန်ဖျက်ပေးပါမယ်..




မြန်မာ နှစ်သစ်ကူးမှ စပြီး မြန်မာပြည်ဖွား မြန်မာပြည်သားအားလုံး ကိုယ်စိတ်နှုလုံး ရွင်ပြုံးနိုင်ကြပါစေကြောင်း ကျွန်တော်တို့ U.N.H.C.R အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

Saturday, August 13, 2011

ဖောက်မခွဲချင်ပါ သို့သော် ပေါက်ခွဲချင်တယ်


ကြီးကြီးကျယ်ကျယ် စကားလုံးတွေ ပြောတတ်တဲ့ မိုးသီးဇွန်တယောက် အင်္ဂလန်နိုင်ငံကို ရောက်လာခဲ့ပါတယ်...အွန်လိုင်းနဲ့ မီဒီယာတွေမှာတော့ မြန်မာနိုင်ငံကြီးကို သူမှ မကယ်ရင် ပျက်စီးရတော့မလိုလို...ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးတွေကို သူပြန်မကြည့်ရင်ဘဲ အားလုံးဒုက္ခရောက်တော့မလိုလို ..နောက်ဆုံးတော့လည်း ဟိုလိုလို ဒီလိုလိုတွေ နဲ့ဘဲ အသက်ကြီးလာပြီး
အချိန်မစီးတဲ့ ကောင်ကြီး ဖြစ်မှန်းမသိဖြစ်နေခဲ့ပါပြီ...အခုလည်း အင်္ဂလန်ကို လာပြီး ဒုက္ခသည်တွေထဲက ABSDF ရဲဘော်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့ပြန်ပါတယ်..အကြောင်းပြချက်ကတော့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ABSDF ကရဲဘော်တွေအတွက် အလှူငွေ ထည့်ဝင်ကြဖို့နဲ့ ထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် အလှူငွေ ထည့်ဝင်ဘို့ ကိစ္စပါဘဲ... အလှူငွေ ထည့်ဝင်ဘို့ ကိစ္စကို ဘာမှ ပြောစရာ မရှိပေမဲ့ ပြောစရာတခုကတော့ ရှိနေပြန်ပါတယ်...အဲဒါကတော့ ABSDF ရဲဘော်ဟောင်းတွေထဲကမှ ယူဂျီအဖြစ်နဲ့ မြန်မာပြည်ကို ပြန်ဝင်ပြီး ဖောက်ခွဲရေး လုပ်ဖို့ ကိစ္စပါဘဲ...တော်တော်လေး ယုတ်မာ ကောက်ကျစ်တဲ့ အကြံအစီပါ..
ဒါကြောင့်လည်း သူ့ပြောတာကို ဘယ်သူကမှ လက်မခံခဲ့ကြပါဘူး...တချို့ မျက်နှာ နာတဲ့လူတွေကတော့ အလှူငွေလေး ထည့်ပေးလိုက်ကြပါတယ်...ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ ဖောက်ခွဲရေးတော့ စိတ်မ၀င်စားပါဘူး...မိုးသီးဇွန်မျက်နှာကို ပေါက်ခွဲရမယ်ဆိုရင်တော့ ချက်ချင်း ခေါင်းငြိမ့်လိုက်မှာပါဘဲ...

ဒုက္ခသည်အချင်းချင်း ပေါင်းစပ်ကြပြီလား....







(ဓါတ်ပုံများကို ဒေါက်တာချက်ကြီး ဘလော့မှ ကူးယူးပြီး စာသားများဖြည့်စွပ်သည်)