ပုဂ္ဂိုလ်ရေး စော်ကားလို၍မဟုတ် ...လူမျိုးရေး မုန်းတီးလို့လည်းမဟုတ်..သို့သော် သူတို့ဘာတွေလည်းဆိုတာကိုတော့ ပြောလိုက်ချင်သေးတယ်.....

Thursday, October 21, 2010

ရှူးတိုက်တဲ့ အရူးတသိုက်နဲ့ ရူးမိုက်တဲ့ နိုင်ငံရေး

ခုန်ချမဲ့ အမျိုးသမီးဘေးမှာ "ကျနော်နဲ့မြအေးနဲ့က လုပ်ဖော်ကိုင်ဘက်ပါ" လို့ ၀င်ပြောနေတာကတော့ 74 ကျောင်းသားအမည်ခံပြီး အင်္ဂလန်နိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည် ခွန်ဆိုင်းဆိုသူပါ..ဘယ်လိုကနေ ဘယ်လို 74ကျောင်းသားအမည်လည်း ခံသေး မြအေးနဲ့လည်း လုပ်ဖော်ကိုင်ဖက်ပါ ဆိုတော့ စဉ်းစားစရာအောင် မလိုဘဲ ဖောနေတာသိသာနေပြီ..အင်္ဂလန်လည်းရောက်ရော ခွန်ဆိုင်းတယောက် ဟိုနေရာလည်း ပါ ဒီနေရာပါ ဖြစ်လာတော့တာဘဲ..(ဟိုနေရာလည်းတွေ့ ဒီနေရာလည်းတွေ့ရတာ များတာကတော့ ခွေးချေးဘဲ..ဟိုနေရာပါ ဒီနေရာပါဆိုရင် ဘာဖြစ်မလည်း ).ထိုင်းနိုင်ငံ မဲ့ဆောက်မှာနေတုန်းကတော့ အဲလိုပါလို့မရဘူး. သူ့ ထက်အပါ ကြမ်းတဲ့ကောင်တွေရှိနေတယ်မဟုတ်လား...အဲတော့ ခွန်ဆိုင်းဆိုတဲ့ ငနဲက ခပ်ကုပ်ကုပ်လေးပေါ့..တနေ့တော့ သူတပါးတွေဆီက အလကားရတဲ့ အရက်နဲ့ဘီယာကို အားမနာတမ်း သောက်စို့ပြီး(အင်္ဂလန်ကို ဒုက္ခသည်အဖြစ် သွားရတော့မယ်ဆိုတဲ့ အထိမ်းအမှတ်ပွဲ)အပြန်မှာ အိပ်နေကျနေရာမှာ မအိပ်ဘဲ အတူနေ ဘေးခန်းက ကောင်မလေး အခန်းကို သရဲကြောက်လိုပါဆိုပြီး အတင်း ၀င်အိပ်ပါလေရော..ကောင်မလေးကလည်း အဖေနဲ့ သမီးအရွယ်ဖြစ်နေပေမဲ့ အင်္ဂလန်သွားတော့မယ်လူကြီးဆိုပြီး ခွင့်ပြုလိုက်တယ်ဆိုပါတော့..(74ကျောင်းသားဟောင်းကြီးဆိုတော့ ခပ်ငယ်ငယ်အမျိုးသမီးလေးတွေကို ဘယ်လိုစည်းရုံးရမယ် ဘယ်လိုမက်လုံးပေးရမယ်ဆိုတာ ကျွမ်းကျင်တာကြောင့်လည်းဖြစ်မယ်) ကောင်မလေးကဘဲ ကံဆိုးတာလား ။ခွန်ဆိုင်းဆိုတဲ့ ငနဲ့ကြီးကဘဲ စားရကံကြုံလို့ နှုတ်သီးပျားစွဲတာလားမသိဘူး..ဖြစ်ချင်တော့ အင်္ဂလန်ကနေ ဒုက္ခသည်တွေကို ခေါ်ထားတဲ့ရက်မှာ အ၀င်မခံဘဲ ရက်ပြန်ရွေ့လိုက်ရတယ်..အင်္ဂလန်မှာ ရေကြီးလို့တဲ့ဗျို့ ....အဲတော့ ဒီငနဲကြီး ခွန်ဆိုင်းအတွက် နေ့တိုင်း သရဲကြောက်တဲ့ စိတ်တွေ ဖြစ်လာပြီပေါ့ဗျာ...အခုဆိုရင် သရဲကြောက်တတ်တဲ့ ခွန်ဆိုင်းကြီးက အင်္ဂလန်မှာ ဒုက္ခသည်အဖြစ်ရောက်နေပြီး အဲကောင်မလေးကတော့ သားယောက်ကျားလေး တယောက်ကို ဖွားမြင်လို့ ထိုင်းနိုင်ငံ အုန်းပြန့်ဒုက္ခသည်စခန်းမှာ ကယ်သူမဲ့ ဆယ်သူမဲ့ အဖြစ်နဲ့ တတိယ နိုင်ငံထွက်ရမဲ့ရက်ကို စောင့်နေလေရဲ့ ...


Monday, June 14, 2010

ကိုအောင်နှင့် အင်တာဗျူး





လူတိုင်း သိရှိနိုင်ရန် အမှန်အတိုင်းပြောပြပေးသော ABSDF အဖွဲ့ဝင်ဟောင်း ကိုအောင်အား အထူးပင် ကျေးဇူးတင်ရှိပါသည်...

Thursday, May 6, 2010

အကယ်ဒမီ ဒုက္ခသည်များ

ဒီတခါတော့ liar-peoples ဘလော့ဂ်ပရိတ်သတ်ကြီးကို ကျွန်တော်တို့ UNHCR အဖွဲ့သားများမှ အကယ်ဒမီ ဒုက္ခသည်တချို့နဲ့မိတ်ဆက်ပေးပါရစေ။ သူတို့တွေကတော့ ထိုင်းနိုင်ငံမဲ့ဆောက်မြို့ မှာရှိတဲ့ UNHCR( United Nations High Commissioner For Refugees)မှာ အကယ်ဒမီလျှော့တွေနဲ့ သရုပ်ဆောင်ပြခဲ့ပြီး အင်္ဂလန်နိုင် ငံကို ဒုက္ခသည်တွေအဖြစ်ရောက်ရှိသွားသူတွေပါ။ နိုင်ငံတကာက ရုပ်ရှင်သရုပ်ဆောင်တွေထက် အဆပေါင်းများစွာ သရုပ်ဆောင်ကောင်းခဲ့သူတွေပေါ့၊အဖြူတွေရှေ့မှာ မြန်မာအစိုးရမကောင်းကြောင်း မြန်မာလူမျိုးတွေ မကောင်းကြောင်းကို မျက်ရည်တွေ နှပ်ရည်တွေ ဘာရည်တွေမှန်း မသိတဲ့အရည်တွေ ဖြိုင်ဖြိုင်ကျကာ မြင်ရသူအဖို့ စိတ်ကုန်စရာ အကွက်ဆန်းတွေနဲ့ သရုပ်ဆောင်ခဲ့ကြသူတွေပါ။ သူတို့တွေရဲ့  သရုပ်ဆောင်မှုတွေကို အစကနေ အဆုံးပြန်လည် ပြောရမယ်ဆိုရင်ဖြင့် ဘလော့ဂ်ရောက်လာပရိတ်သတ်ကြီး အချိန်ကုန် ခါးညောင်းမှာကို စာနာမိပါသဖြင့် ကောင်းနိုးရာရာ မိတ်ဆက်ခန်းလေးကိုဘဲ တင်ပေးလိုက်ပါတော့တယ်...
အားလုံးရွင်လန်းချမ်းမြေ့ကြပါစေ...

Sunday, May 2, 2010

အသိပေးခြင်း

ကျွန်တော်တို့ liar-peoples ဘလော့ဂ်ကိုလုပ်ဖြစ်တာကတော့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု့ခြင်းခံရပြီး ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိသွားပြီးမှ မြန်မာနိုင်ငံတော်ကြီးနှင့်တကွ မြန်မာပြည်သူပြည်သားများအား ပျက်စီးရာပျက်စီးကြောင်းကို ပြု့လုပ်နေကြသော ဒီမိုအတုအယောင်များနှင့် နိုင်ငံရေးသမားအရေခြုံထားသော လူယုတ်မာများအကြောင်းကို တိကျခိုင်လုံသောအထောက်အထားများဖြင့် အများသိရှိနိုင်ရန် ဖော်ပြရန်အတွက်သာဖြစ်ပါသည်..ထိုသို့ဖော်ပြခြင်းသည် ပုဂ္ဂိုလ်ရေးမုန်းတီး၍ လူမျိုးရေးခွဲခြားလို၍မဟုတ်ပါ..လူတယောက်မကောင်းခြင်းသည် လူမျိုးတမျိုးလုံးမကောင်းခြင်းမဟုတ်အဖွဲ့ အစည်းတခုလုံးမကောင်းခြင်းမဟုတ်ပါ.မကောင်းသူရှိသလို ကောင်းသူများရှိပါသည်..ထိုအတူ ကျွန်တော့်တို့ ဘလော့ဂ်ရှိ စီဘောက်တွင်လည်းကောင်း အခြားသူများ ဘလော့ဂ်ရှိစီဘောက်တွင်လည်းကောင်း..ကျွန်တော်တို့ ဘလော့ဂ်တွင်ရေးတင်ထားသော postပို့စ်အောက်ရှိ comment တွင်လည်းကောင်း အခြားသူများ ဘလော့ဂ်တွင် ရေးတင်ထားသော post ပို့စ်အောက်ရှိ comment တွင်လည်းကောင်း ကျွန်တော်တို့ U.N.H.C.Rအဖွဲ့သားများမှရိုင်းစိုင်းယုတ်မာသော စာများနှင့် တားမြစ်ပိတ်ပင်သောစာများအား လုံးဝ(လုံးဝ) ရေးခြင်းမရှိပါ..အကယ်၍ ရေးထားသည်များတွေ့ပါက ကျွန်တော်တို့အဖွဲ့မှ မဟုတ်ကြောင်း အသိပေးအပ်ပါသည်.... .