ပုဂ္ဂိုလ်ရေး စော်ကားလို၍မဟုတ် ...လူမျိုးရေး မုန်းတီးလို့လည်းမဟုတ်..သို့သော် သူတို့ဘာတွေလည်းဆိုတာကိုတော့ ပြောလိုက်ချင်သေးတယ်.....

Thursday, April 15, 2010

ကျုပ်လို မဖြစ်စေချင်ပါ...


ကျုပ်နာမည်ကစိုးစိုး...အင်္ဂလန်နိုင်ငံကိုရောက်တာ 5နှစ်ရှိပြီပေါ့..အင်္ဂလန်မှာဆိုလို့ အထင်တော့မကြီးလိုက်နဲ့အုန်း...ကျုပ်အကြောင်းတွေ ဖတ်ကြည့်၊ ဖတ်လို့ပြီးသွားရင် ကြိုက်သလို ကျုပ်ကိုဝေဖန်နိုင်တယ်။။ အင်္ဂလန်ကို လာလို့ရတဲ့ Student visa, Job visa, visit visa တွေထဲကမှ အများနဲ့မတူတဲ့ government visa လို့ခေါ်တဲ့ ဒုက္ခသည်ဗီဇာနဲ့ ၀င်ရောက်ခဲ့တာလေ..ဗဟုသုတ အနေနဲ့ ပြောရင် ဒုက္ခသည်ဆိုရာမှာ ဒုက္ခသည်နှစ်မျိုးရှိတယ်၊ နိုင်ငံရေး ဒုက္ခသည်နဲ့ စစ်ပြေးဒုက္ခသည်။ ကျုပ်သိသလောက်ပြောရင် နိုင်ငံရေးပါတီဝင်တွေအနေနဲ့ ဒုက္ခသည်အဖြစ်လျှောက်မယ်ဆိုရင် နိုင်ငံရေးဒုက္ခသည်ဖြစ်ပြီး မြန်မာပြည်အတွင်းမှာရှိတဲ့ ရွာတွေကနေ တိုက်ပွဲဖြစ်လို့ဘဲဖြစ်ဖြစ် ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ အမျိုးတွေရှိလို့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် ဒုက္ခသည်စခန်းတွေမှာ အလကားရတဲ့ အရာတွေကို မက်မောလို့ဘဲဖြစ်ဖြစ် ၀င်ရောက်နေထိုင်ခဲ့ပြီး ဒုက္ခသည်အဖြစ်လျှောက်မယ်ဆိုရင် စစ်ပြေးဒုက္ခသည်စာရင်းထဲ ၀င်သွားတယ်ဗျ။ ခက်တာက ကျုပ်ကိုကျုပ် ဘာဒုက္ခသည်လည်း ဆိုတာကို မသိတာဘဲ...ကျုပ်အင်္ဂလန်ရောက်ခဲ့တာလေးကို ပြောပြချင်လွန်းလို့ ဒီဘလော့ဂ်နဲ့ ဆက်သွယ်လိုက်ရတာ...
ကျုပ်က မြန်မာစာကို ကောင်းကောင်း မရေးတတ် မဖတ်တတ်ပေမဲ့ မြန်မာစကားကိုတော့ မြန်မာတွေထက်တောင် ပြောတတ်သေး...ကျုပ်ရဲ့ ကုသိုလ်ကံက နည်းနည်းတော့ ညံ့တယ်ဗျာ..ကျုပ်တသက်လုံးအတွက် ရည်ရွယ်ပြီး အိမ်ထောင်ပြု့ ခဲ့တဲ့ မိန်းမတိုင်းကျုပ်ကို စွန့်ပြစ်သွားခဲ့ကြတာကြီးဘဲ..ဒီလိုနဲ့ ကျုပ်လည်း အိမ်ထောင်ဆက်တွေများ မိန်းမတွေ များခဲ့ရပေါ့...ကျုပ်ရဲ့ ပထမဆုံးဇနီးနဲ့ သားသမီးတွေက အမေရိကန်နိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် ရှိနေကြောင်း ကျုပ်ဆီ ဆက်သွယ်လာကြတယ်လေ...ကျုပ်အကြောင်းတွေက ဟိုရောက်လိုက် ဒီရောက်လိုက်ဆိုတော့ ဖတ်နေတဲ့ ခင်ဗျား စိတ်ညစ်သွားမလားဘဲ..
ကျုပ်အင်္ဂလန်ကိုမရောက်ခင်က ထိုင်းမြန်မာနယ်စပ်တနေရာမှာ KNUအဖွဲ့တွေနဲ့ ပေါင်းပြီး သစ်ခုတ်တဲ့အလုပ်ကိုလုပ်ခဲ့တယ်..ကျုပ်တို့ခုတ်ပြီးသား မြန်မာပြည်က သစ်တွေကို ထိုင်းသူဌေးတွေက ပြန်ဝယ်တယ်..သစ်ခုတ်တဲ့အလုပ်က အရမ်းကို ပင်ပန်းသလို KNUကပေးသလောက် ပိုက်ဆံကိုဘဲ ကျေနပ်နေရတာပေါ့..ကရင်လူမျိုးအချင်းချင်းဆိုတော့လည်း ကျုပ်က ဘာမှမပြောပါဘူး...အဲလိုနဲ့ တနေ့မှာ မြန်မာစစ်ကြောင်းတကြောင်း ကျုပ်တိုအလုပ်လုပ်နေတဲ့ KNUနယ်မြေထဲ ၀င်လာတယ်ဆိုတဲ့သတင်းလည်းကြားရော KNUအဖွဲ့ဝင်တချို့နဲ့အတူ ကျုပ်လည်း ထိုင်းနိုင်ငံဘက်အခြမ်းကို ကူးလာခဲ့ရတယ်....ထိုင်းဘက်အခြမ်းရောက်တော့ ကျုပ်က စောကလယ် ဆိုတဲ့ ကျုပ်ကို သစ်ခုတ်အလုပ်ထဲသွင်းပေးတဲ့ ကျုပ်သူငယ်ချင်းနဲ့ ထိုင်းနိုင်ငံမဲ့ဆောက်မြို့ပေါ်ကို လိုက်သွားဖြစ်ခဲ့တယ်ဆိုရင်ဘဲကျုပ်ဘ၀တဆစ်ချိုးပြောင်းဖို့ ဖန်လာခဲ့တယ်ပေါ့ဗျာ...
ဝါသနာခြင်းတူသလို လူမျိုးခြင်း စရိုက်ခြင်းတူတဲ့ ကျုပ်နဲ့ စောကလယ်ဟာ ထိုင်းနိုင်ငံမဲ့ဆောက်မြို့မှာ ဖွင့်ထားတဲ့ ပြည့်တန်ဆာရုံ တွေကို ညတိုင်းနီးပါး သွားဖြစ်ကြတယ်..ဒီနေရာမှာ စကားလေး နဲနဲတော့ဖြတ်ပြောမယ်ဗျာ..ကျုပ်ဆိုတဲ့ကောင်က အရင်ကဆို ကရင်မှကရင် ..ကရင်လူမျိုးလုပ်သမျှအမှန်လို့ ထင်သလို ကရင်လူမျိုးတွေကိုလည်း အားကိုးချင်ခဲ့တယ်..မျိုးချစ်ကရင်လို့တောင် ပြောလို့ရတယ်ဗျာ..ကျုပ်သူငယ်ချင်း စောကလယ်က ပြည့်တန်ဆာရုံတွေကို ပြောင်းပြောင်းပြီး သွားတတ်ပေမဲ့ သူမှသူ ဖြစ်နေတဲ့ ကျုပ်ဆိုတဲ့ကောင်ကတော့ အိုတရုံထဲ သူဘဲရှိတယ်ဆိုသလို ကျုပ်စွဲလန်းသွားရတဲ့ ကရင်မရှိတဲ့ မီးစက်ရုံမှာဘဲ ကျုပ်အချိန်တွေကို ကုန်စေခဲ့တယ်..ကျုပ်ပြောတာာ မယုံရင် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ကို ရောက်ဖူးသူတိုင်း မေးကြည့်ပါ မီးစက်ရုံတို့ ပတ္တမြားရုံတို့ လှည်းဘီးရုံတို့ဆိုတာ မသိသူမရှိပါဘူးဗျာ။။ပြီးတော့ လူမျိုးပေါင်းစုံလည်း အဲရုံတွေမှာရှိတယ် ။။ကရင်ပြည်နယ်နဲ့ နီးတဲ့အတွက် ထိုင်းနိုင်ငံမဲ့ဆောက်မြို့ပေါ်က ပြည့်တန်ဆာရုံတွေမှာ ကရင်မတွေအများဆုံးဘဲ..မြန်မာမတွေလည်း အများကြီး...ကျုပ်အကြောင်းဆက်ပြောမယ် ။။။ အဲလိုနဲ့ မီးစက်ရုံမှာ အလုပ်လုပ်နေတဲ့ ကရင်မနဲ့ကျုပ် သမီးရည်းစားမက လင်မယားမကျ ဘ၀ကိုရောက်ခဲ့ကြတယ်..သူနဲ့ကျုပ် အမြဲတမ်းလိုလို အတူနေဖြစ်တယ်.အတူနေဖြစ်တိုင်းလည်း ကျုပ်ပိုက်ဆံပေးစရာမလိုတော့ဘူး..တနေ့တော့ ကျုပ်ကို ကရင်မက UNHCRက အင်္ဂလိပ်တယောက်နဲ့မိတ်ဆက်ပေးတယ်ဗျ...Mrjohn ဆိုလားဘဲ..မဲဆောက်မှာရှိတဲ့ UNHCRက အင်္ဂလိပ်တွေ အားလုံးနီးပါး ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ကြတယ်ဗျ...ကျုပ်ရဲ့ ကရင်မကလည်း ထိုင်းမှာအနေကြာတော့ ထိုင်းစကားကို ကိန်တယ်(ကျွမ်းတယ်)ပေါ့ဗျာ...မစ္စတာ ဂျွန်က ကျုပ်စွဲလန်းနေတဲ့ ကရင်မရဲ့  အမြဲတမ်းဖောက်သည် ဆိုတော့ ကျုပ်အတွက်လည်း အခွင့်အရေးရသွားတာပေါ့...ထိုင်းမှာက UNHCRကထုတ်ပေးတဲ့ လက်မှတ်ရှိရင် ပုလိပ်မဖမ်းဘူးဗျ..အကယ်လို့ ဖမ်းခဲ့ရင်တောင် UNHCRက လိုက်ထုတ်ရင် အချုပ်ကနေ ချက်ချင်းလွတ်ပေးတယ်...မစ္စတာ ဂျွန်က ကျုပ်ရဲ့ ကရင်မကို နိုင်ငံခြားသွားလို့ရအောင် လုပ်ပေးနိုင်တဲ့အဆင့်မှာရှိတယ်...ကရင်မက ကျုပ်ကိုပြောတယ် ...သူနဲ့ကျုပ်လင်မယားဆိုပြီး နိုင်ငံခြားအတူထွက်ဘို့တော့ မဖြစ်နိုင်ဘူးတဲ့...သူ UNHCRမှာ ဒုက္ခသည်အဖြစ်လျှောက်တုန်းက သူ့မှာ အကိုရှိတယ်ဆိုပြီး ရေးပြီးလျှောက်ထားတော့ သူ့ရဲ့ အကိုအဖြစ်နဲ့ နိုင်ငံခြားထွက်ရင်တော့ ဖြစ်နိုင်တယ်တဲ့..ကျုပ်ကဘာပြောရမှာလည်း ကျုပ်ချစ်တဲ့သူနဲ့ အတူနေရရင် ဘယ်လိုဘဲ နေရနေရ ကျုပ်နေနိုင်ပါတယ်...ဒါပေမဲ့ မစ္စတာ ဂျွန်လာခေါ်တိုင်း ကျုပ်ရဲ့ ကရင်မလိုက်သွားရတာကိုတော့ ကျုပ်အသဲနာမိတယ်ဗျာ... အင်္ဂလန်နိုင်ငံကနေ ကရင်မကို ဒုက္ခသည်အဖြစ် 2005ခုနှစ်မှာ ခေါ်လိုက်တော့ ကရင်မရဲ့ အကိုစာရင်းထဲမှာပါသွားတဲ့ ကျုပ်ဟာလည်း အင်္ဂလန်နိုင်ငံကို ရောက်လာခဲ့ရပြီပေါ့..အင်္ဂလန်ကို ရောက်တော့ ကျုပ် အရမ်းပျော်တယ်...အင်္ဂလန်နိုင်ငံအစိုးရကနေပြီး ကျုပ်တို့နှစ်ယောက်အတွက် နေစရာ စားစရာ ၀တ်စရာ အစစအရာရာကို အခမဲ့ကူညီပေးတာလေ..ကျုပ်တို့လိုဘဲ တခြား ဒုက္ခသည်အဖြစ်ရောက်လာတဲ့လူတွေလည်း ရှိတာပေါ့...အများအမြင်မှာ မောင်နှမဆိုပြီး ပြောထားပေမဲ့ ကျုပ်ချစ်ရတဲ့ မိန်းမနဲ့ အတူနေရတာ ကျုပ်မပျော်ဘဲနေမလားဗျာ...ကျုပ်နေရာမှာ ခင်ဗျားဆိုလည်း ပျော်နေမယ်မဟုတ်လား...ခက်တာက ကျုပ်တို့အကြောင်းကို သိနေတဲ့ တခြားဒုက္ခသည်တွေကြောင့် အပြင်ထွက်ရင် အတူတွဲပြီး မထွက်ရဲကြဘူး....အင်္ဂလန်နိုင်ငံမှာ အလုပ်မရှိရင် အစိုးရက အခမဲ့ ကျောင်းတက်ခိုင်းထားတာဗျ..အလုပ်ရဘို့ ဆိုတာကလည်း အင်္ဂလိပ်စာကို ပြောတတ်ရေးတတ်မှလေဗျာ....ကျုပ်တို့လို့ ABCD ကောင်းကောင်းမတတ်တဲ့ နိုင်ငံတကာက လူမျိုးတွေက အစိုးရက တက်ခိုင်းတဲ့ ကျောင်းကို မဖြစ်မနေတတ်ကြရတယ်...မတတ်ရင်တော့ Benefit လို့ခေါ်တဲ့ ထောက်ပံကြေးငွေကို မပေးတော့ဘူး..အလုပ်မရှိတဲ့လူတိုင်းဟာ Benefitကိုဘဲ မှီခိုနေကြရတာလေ...ကျုပ်တို့အင်္ဂလန်မှာမှ မဟုတ်ဘူး ..နိုင်ငံတကာက ဒုက္ခသည်တွေလည်း Benefit နဲ့ဘဲ အသက်ရှင်ကြရတာ...ဒုက္ခသည်တွေရဲ့ အသက်ဟာ Benefitလို့တောင်ပြောလို့ရတယ်..ထိုင်းနိုင်ငံဒုက္ခသည်စခန်းက ရောက်လာတဲ့ မြန်မာပြည်သားဒုက္ခသည်တွေထဲက ယောက်ကျားတွေက ကျုပ်ရဲ့ ကရင်မကို အတင်းချဉ်းကပ်လာကြပြန်တော့ ကျုပ်ဒေါသကို ကျုပ်တော်တော်ထိန်းထားရတယ်ဗျာ...သူတို့ကိုလည်း အပြစ်ပြောလို့မရပြန်ဘူး..ကျုပ်တို့က မောင်နှမဆိုပြီး လာခဲ့ကြတာလေ...အဲလိုနဲ့ နေလာလိုက်တာ အင်္ဂလန်ရောက်ပြီး 1နှစ်ကျော်ကျော်လောက်မှာတော့ ကျုပ်ရဲ့ ကရင်မဟာ ကျုပ်မသိခင် ဘယ်အချိန်ထဲက ရည်ငံနေလည်း မသိရတဲ့ အီရတ်က ကုလားတယောက်နဲ့ လိုက်ပြေးသွားပါလေရော...ကျုပ်နေရာမှာ ခင်ဗျားတို့နေကြည့်စမ်းပါ...ကျုပ်ဘယ်လောက်ခံစားရမလည်းဆိုတာ....မယားခိုးပါဆိုပြီး တရားစွဲလို့လည်းမရပြန်ဘူး...သတ်လို့လည်း မဖြစ်ပြန်ဘူး...မောင်နှမဆိုပြီး စာရင်းသွင်းပြီးလာခဲ့မိတဲ့ ကျုပ်ကိုကျုပ်ဘဲ ဒေါသဖြစ်မိတယ်ဗျာ...အခုတော့ ကျုပ်ရဲ့ ကရင်မဟာ အီရတ်ကကောင်နဲ့ ပေါင်းသင်းလက်ထပ်ပြီး ခလေးတယောက်တောင် ရနေပါပြီ...ကျုပ်ဘ၀ကတော့ .........ကျုပ်ဘ၀ကတော့.........
မှတ်ချက်။ ။ (ကိုကြီးစိုးအတွက် လှပသော မနက်ဖြန်များစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ UNHCRအဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ် )

2 comments:

  1. ဂုဏ်ယူပါတယ် ကိုစိုးစိုး.၊ အကိုလို့ အဖြစ်မှန်ပြောရဲတဲ့ယောက်ကျားက ရှားပါတယ်၊ ကျွန်တော်တို့လည်းကြားပါတယ် အတုတွေလုပ်ပြီး နိုင်ငံခြားကို ဒုက္ခသည်အဖြစ်ထွက်သွားကြတာတွေ၊ ဘာဘဲပြောပြောအကိုစိတ်ဓါတ်ကိုတော့ လေးစားတယ်ဗျာ

    ReplyDelete
    Replies
    1. ကရင်မတွေက ခြံခုန်တတ်တယ်လို့ပြောချင်တာလား
      အနည်းစုဖြစ်မှာပါ

      Delete