ပုဂ္ဂိုလ်ရေး စော်ကားလို၍မဟုတ် ...လူမျိုးရေး မုန်းတီးလို့လည်းမဟုတ်..သို့သော် သူတို့ဘာတွေလည်းဆိုတာကိုတော့ ပြောလိုက်ချင်သေးတယ်.....

Sunday, May 2, 2010

ခလေးစစ်သားလား ခေတ်စစ်သားလား

U.N.H.C.Rမေးလ်သို့ပေးပို့လာသောညီငယ်တယောက်ရဲ့စာအား မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်..ပေးပို့လာသောညီငယ်ကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်..
ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ ၊မဲ့တော်(Mae Tao Road)လမ်းမကြီးဘေးရှိ UNHCR အဆောက်အဦထဲသို့ အန်တီအေးမာနဲ့အတူ ကျွန်တော်တို့သူငယ်ချင်းတစု ခလေးစစ်သားအမည်ခံပြီး ဒုက္ခသည် လက်မှတ်ရရှိဘို့ သွားခဲ့ကြတယ်။ Reception လို့ရေးထားတဲ့စားပွဲမှာထိုင်နေတဲ့ အမျိုးသမီးတယောက်က ပြုံးရွင် စွာနဲ့အန်တီအေးမာကို လှမ်းမေးရင်း သူ့ကိုယ်သူ မိတ်ဆက်တော့ ကျွန်တော့် ဒူးတွေ တဆတ်ဆတ်တုံ လာတယ် "ကျမနာမည် နော်မူဆဲ ပါ၊ ဘာများကူညီပေးရမလဲ" လို့အန်တီအေးမာကို လှမ်းမေးတော့ အန်တီအေးမာက "ဒါ မြန်မာန.အ.ဖ စစ်တပ်က ခလေးစစ်သားလေးတွေပါ...တပ်ထဲကို မ၀င်ချင်ဘဲ ၀င်ခဲ့ကြရပြီး ကြီးနိုင်ငယ်ညှင်း ဒါဏ်ကိုမခံနိုင်လို့ ကျမတို့စီကို ထွက်ပြေးရောက်ရှိလာကြတာပါ" လို့ပြန်ဖြေရင်း နော်မူဆဲ နဲ့ ကျွန်တော်တို့ တဦး ချင်းစီကို မိတ်ဆက်ပေးတယ်..အဲ့နောက်တော့ အသက်50 လောက်ရှိမယ်ထင်ရတဲ့ ဦးလေးကြီးတယောက်စီ ကိုခေါ်သွားခဲ့တယ်..အဲဦးလေးကြီးနာမည်က ဦးအောင်ကျော်ဦးလို့ သိရပါတယ်..ဦးလေးကြီး ဦးအောင်ကျော်ဦး ဆီမှာတော့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်(biography)တွေရေးထားတဲ့စာရွက်တွေကို ပေးခဲ့ရပြီ UNHCR မှ ပြန်လာခဲ့ကြပါတယ်..ဖထီး (ပဒိုမန်းရှာ) အိမ်မှာ ကျွန်တော်အပါအ၀င် ခလေးစစ်သား 12ယောက် ရှိပါတယ် တချို့ကလည်း တကယ်ဘဲ အသက်18 နှစ်မပြည့်သေးတဲ့ စစ်ပြေးလေးတွေဖြစ်သလို တချို့ကတော့ ပြည်ပနိုင်ငံတခုခုကို ထွက်ခြင်လို့ ခလေးစစ်သားအမည်ခံထားကြတာဖြစ်ပါတယ်...ဖထီး(ပဒိုမန်းရှာ)နဲ့ အန်တီ အေးမာက UNHCR မှလူတွေ့ Interview စစ်ဆေးတဲ့အခါ ဘယ်လိုပြောရမယ်..ဘယ်လိုသရုပ်ဆောင်ပြရမယ် ဆိုတာကို စစ်သားမဟုတ်ခဲ့တဲ့ ကျွန်တော်အပါအ၀င် 5 ယောက်ကိုသင်ပေးပါတယ်....န.အ.ဖ စစ်တပ်တခုရဲ့ တပ်အမှတ်နဲ့ စစ်သားတယောက်ယောက် ဒါမှမဟုတ်စစ်ဗိုလ်တယောက်ယောက်အမည်ကို ပြောပြပြီး အဲတပ်ထဲကို အဲစစ်သားက အတင်းအဓမ္မခေါ်ယူသွားပြီး စစ်သားဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်း တပ်ထဲရောက် တော့ ကြီးနိုင်ငယ်ညှင်းဒါဏ်တွေကို မခံနိုင်လို့ အခုလို့ထွက်ပြေးခဲ့ရတယ်ဆိုတဲ့အကြောင်း တယောက်တမျိုး စီ သင်ပေးပါတယ်...UNHCR မှ ကျွန်တော်တို့အဖွဲ့အား Interview လုပ်တဲ့အခါ ဖထီး(ပဒိုမန်းရှာ)နဲ့ အန်တီအေး မာသင်ပေးထားတဲ့အတိုင်း ပြောခဲ့ကြပါတယ်...ကျွန်တော်တို့အားလုံး အင်တာဗျူးဖြေဆိုတာ အောင်မြင်သွားတဲ့ အတွက် UNHCRမှ တာဝန်ခံ Mrs Elizabeth Kirton ကတဦးလျှင် ဘတ်ငွေ500 မုန့်ဖိုးပေးပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြု့တဲ့စာရွက်ထုတ်ပေးခဲ့ပါတယ်...ကျွန်တော့်ကို အင်တာဗျူးလုပ်တဲ့အခါ စကားပြန်လုပ်ပေးရတာက နော်ရှီလာအေးပါ....အင်တာဗျူး လုပ်ခံရတဲ့အချိန်မှာ ကျွန်တော်အရမ်းကို ကြောက်နေပါတယ်..ဘာလို့လည်း ဆိုတော့ ကျွန်တော်ဟာ ခလေးစစ်သားမဟုတ်သလို ဘာစစ်သားမှ မဟုတ်ခဲ့ပါ..ဖထီး(ပဒိုမန်းရှာ)နဲ့အန်တီအေး မာကြောင့်သာ အယောင်ဆောင် ခလေးစစ်သားဖြစ်ခဲ့တာပါ....နော်ရှီလာအေးကတော့ ကျွန်တော့်ကို ပြောပါတယ်..ဘာမှမကြောက်ဘို့နဲ့ ငါတို့ကရင်တွေ ပြည်ပကိုရောက်ဘို့သာ အဓိကဖြစ်ကြောင်း နင်ပြောချင် တာပြော ငါဖာသာ ကြည့်ပြီးစကားပြန်လိုက်မယ်လို့တော့ အားပေးပါတယ်..ဒါပေမဲ့ ကျွန်တော့်က အတုဆိုတော့ ကြောက်စိတ်က ရှိနေပါတယ်..အဲလိုကြောက်နေတဲ့ပုံကိုဘဲ အမေရိကန်လူမျိုး Mrs Elizabeth Kirton ကန.အ.ဖ တော်တော်နှိပ်စက်ထားလို့ ဒီခလေး အခုထိကြောက်နေတာဖြစ်မယ်သနားပါတယ်တဲ့...အဲနောက်တော့ ကျွန် တော်တို့ ခလေးစစ်သား အမည်ခံထားတဲ့ 12ယောက်လုံးကို နယူးဇီလန်(New Zealand)နိုင်ငံသို့ ခလေးစစ်သားဒုက္ခသည်တွေအဖြစ်ပို့ပေးလိုက်ပါတော့တယ်..စာလည်းရှည်သွားပြီဗျာ..ကျွန်တော်ရေးပို့လိုက်တာကို အကိုတို့ ဘလော့မှာတင်ပေးပါ..ဒါမှအားလုံးက ခလေးစစ်သားလား ခေတ်စစ်သားလားဆိုတာ သိမှာလေ..

2 comments:

  1. မြန်မာပြည်မှာခလေးစစ်သားရှိမရှိဆိုတာလူတိုင်းသိတယ် အခုတင်တဲ့စာကလဲမှန်လားမှားလားတမင်သက်သက်ဖန်တီးတာလားဆိုတာလူတိုင်းသိတယ်

    ReplyDelete
  2. မှန်လားမှားလားသိချင်၇င်မင်းပထွေးတွေကိုမေးကြည့်လိုက်

    ReplyDelete